သြဂုတ်လ ၁၄ရက်နေ့ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့၊ အောင်ဆန်းဂျာမွန်းစာဖတ်ခန်းနှင့် ပညာဒါနအင်္ဂလိပ်စာသင်တန်း ဖွင့်ပွဲအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော မိန့်ခွန်းဖြစ်ပါသည်။ မြစ်မခမီဒီယာဂရုမှ ဖော်ပြပေးသည်)

`ကျမတို့နိုင်ငံမှာ ဆိုရင် ကျမစောစောကပြောသလို ကျမတို့လုပ်ရပ်တွေဟာ ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေ အေးချမ်းဖို့ အေးချမ်းဖို့ဆိုတာဟာ နေသိပ်ပူလို့လဲမဖြစ်ဘူး မိုးရွာနေလို့လဲ မဖြစ်ဘူး ကိုယ့်ရဲ့ အရည်အချင်းတွေကို ကောင်းကောင်းဖွံ့ဖြိုးအောင် လုပ်ဖို့ဆိုတာ စိတ်၏လုံခြုံမှုလိုပါတယ် ဒါမှ တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ့်ဘာသာကိုယ် ကြိုးစားနိုင်မှာပါ ဒီတော့ လုံခြုံမှု ရှိဖို့ဆိုတာ နိုင်ငံတစ်နိုင်ငံမှာ အလိုအပ်ဆုံးကတော့ တရားဥပဒေစိုးမိုးရေးဘဲလို့ ပြောပါတယ် တိုးတက်အောင်လုပ်နိုင်မှာပါ အဲ့ဒါအတွက်လည်း ကျမတို့ အမြဲကြိုးစားနေပါတယ်။

ကျမတို့ဟာ ဘယ်သူနဲ့မဆို ပူးပေါင်းဆောင်ရွက်ပြီးတော့ ပြည်သူလူထုရဲ့ စီးပွားရေး ၊ ပညာရေး အားလုံးတိုးတက်ဖို့အတွက် ကြိုးစားပြီး လုပ်သွားဖို့ လိုတယ်။ လက်တွဲပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ အင်မတန်လိုပါတယ် အခုဆိုလို့ ရှိရင် သနပ်ပင်လို မြို့အကြီးကြီး မဟုတ်ပင်မဲ့ မြို့သေးသေးလေးလဲ မဟုတ်ပါဘူး ဒီက လူငယ်တွေ တော်တော် များများဟာ နိုင်ငံခြားမှာ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်လုပ်နေရတယ်လို့ ကျမသိရပါတယ် အဲ့လိုဖြစ်ရတာဟာ ကျမတို့ရဲ့ နိုင်ငံမှာ လုံလောက်တဲ့ အလုပ်မရှိလို့ လုံလောက်တဲ့ ပညာရေး အခြေအနေ မရှိလို့ဘဲ ဖြစ်ပါတယ်။

ကျမတို့ကနေ သင်တန်းတွေဖွင့်ပါတယ် စာကြည့်တိုက်တွေ ဖွင့်ပါတယ် အဲ့တော့ အင်္ဂလိပ်စာသင်တန်းတွေ ဘာဖြစ်လို့ ဖွင့်ရလဲဆိုတော့ လက်တွေ့ကျကျ ဘာသ ရပ်တစ်ခုဖြစ်ပါတယ် နိုင်ငံခြားမှာပဲ အလုပ်လုပ်ချင် လုပ်ချင် ဒီနိုင်ငံထဲမှာဘဲ ဥပမာဆိုလို့ရှိရင် စီးပွားရေး လ်ုပငန်းရှင်ကြီးတွေနဲ့ လုပ်ချင်တယ်ဆိုလို့ရှိရင်လည်း အင်္ဂလိပ်စာဘာသာကို အတိုင်းအတာ တစ်ခုအထိ  ကျွမ်းကျင်မှုလိုလို့ ဖြစ်ပါတယ် ကွန်ပျူတာ ဘာသာ သင်ချင်တဲ့လူဆိုရင်လည်း အင်္ဂလိပ်ဘာသာကို ကျွမ်းကျင်တယ်ဆိုရင် အများကြီး သူတို့အတွက် အထောက်အကူဖြစ်ပါတယ်။ အကျိုးဖြစ်မယ့် ဘာသာရပ်ကို သင်ပေးဖို့ ကြိုးစားပါ။

စာကြည့်တိုက်ဆိုတာကတော့ အထွေထွေ ဗဟုသုတပေါ့ စောစောက ကျမပြောသွားတဲ့အထဲမှာ နည်းနည်းလေး သဘောမတူတာ ရှိတယ် ဂိမ်းကစားတာတို့ ဂစ်တာ တီးတာတို့ မကြိုက်ဘူး ဘောလုံးပွဲ ကြည့်ချင်ကြည့်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘောလုံးပွဲဆိုတာ အားကစားဘဲ ကျမက ကျမတို့လူငယ်တွေကို အားကစားဘက်ကို ပါစေချင်တယ် တတိုင်းပြည်လုံးအတွက်တော့ မလွယ်ဘူးပေါ့နော် ။

တိုင်းပြည်မှာ စီးပွားရေးကို ဖွံ့ဖြိုးမှ သူတို့ရဲ့ တိုင်းသူ ပြည်သားတွေအတွက် အဖက်ဖက်ကနေ ပြည့်စုံအောင် လုပ်ပေးနိုင်မှာ အဲ့တော့မှာလည်း ဘောလုံးပွဲတွေ များများရှိပြီးတော့ ကျမတို့လူငယ်တွေ ဘီယာဆိုင်မှာ ထိုင်နေမဲ့အစား ဘောလုံးတော့ ကန်လို့တော့ ရပါတယ် ဘောလုံးပွဲကြည့်တာကိုတော့ ကျမအားပေးတယ် ကြည့်တဲ့အခါကျရင် စဉ်းစဉ်းစားစားနဲ့ ကြည့်သင့်တယ် ဘောလုံးပွဲတင် မကဘူး ဘာကိုဘဲ ကြည့်ကြည့် ဘာကိုဘဲ လေ့လာလေ့လာ စဉ်းစဉ်းစားစားနဲ့ ကြည့်စေချင်တယ် လေ့လာစေချင်တယ် အဲ့တော့ ဘောလုံးပွဲကို ကြည့်တဲအခါမှာ ဘောလုံးသမားတွေ တော်တဲ့လူဟာ ဘာကြောင့်တော်သလဲ မတော်တဲ့ လူတွေက ဘာလို့ မတော်တာလဲ ဘယ်လိုကြောင့်မို့လို့ တဖက်က နိုင်တာလဲ ဘယ်လိုကြောင့်မို့လို့ ရှုံးတာလဲ အဲ့လို အမျိုးမျိုး စဉ်းစားစေချင်တယ်။ နောက်ဆုံးအထိ စိတ်မလျော့ပါနဲ့ နောက်ဆုံးအထိ ရှုံးမယ်လို့ ထင်နေရတဲ့ အချိန်တောင်မှ တခါတည်း စိတ်ဓာတ် ခိုင်ခိုင်မာမာ တက်တက်ကြွကြွနဲ့ ထပ်ပြီးတော့ ကန်လိုက်တာ ရှိသေး တစ်မိနစ်အလိုမှာ နိုင်သွားတဲ့ လူတွေလည်း ရှိဖူးပါတယ် ။

အဲ့တော့ အဓိကက စိတ်ဓာတ် စိတ်ဓာတ်ရှိတာနဲ့လည်း မရဘူး ကြိုးစားမှုကလည်းဘဲ ပါရမယ် စိတ်ကတော့ ကိုယ်က အောင်မြင်ချင်ပါတယ် ပျင်းလို့ မလုပ်ဘူးဆိုရင်တော့ ဘယ်တော့မှ မရဘူး။ အဲ့တော့ အောင်မြင်ခြင်း လေးပါးကို ပြောရမယ်ဆိုရင် အဓိကကတော့ ဆန္ဒပေါ့ အောင်မြင်ချင်တဲ့ ဆန္ဒရှိမှ အောင်မြင်နိုင်မှာပါ အဲ့တော့ တကယ်ဘဲ ဒီတိုင်းပြည်ကို တိုးတက်စေချင်တယ်ဆိုရင် တိုးတက်အောင် လုပ်ပေးစေချင်တဲ့ ဆန္ဒရှိရပါမယ် ကျမတခါ လူတွေကြားထဲ ရောက်ဖူးတယ် တခါတလေ လူချင်းတွေ့တဲ့အခါကျရင် မေးတာတွေရှိတယ် ။

ဘယ်တော့ ဒီမိုကရေစီ ရမှာလဲလို့ ဘယ်တော့ အဆင်ပြေကြမှာလဲလို့ အဆင်ပြေမှာလဲလို့ အဲ့တော့ ကျမ အမြဲ ပြန်ဖြေတယ် ကိုယ့်ကိုယ်ကိုပြန်မေးကြည့်လို့ ကိုယ်ဘယ်လောက်လုပ်နေသလဲလို့ ကိုယ်လုပ်နေသလောက်ဘဲ မျှော်လင့်ရမယ် ကိုယ်ကိုယ်တိုင်က ဘာမှ မလုပ်နေဘဲနဲ့ မမျှော်လင့်ရဘူး။ ဒီတိုင်းပြည်ရဲ့ အကျင့်သီလကို တိုးမြှင့်အောင် လုပ်ပေးတာလည်း အတူတူပါဘဲ ဒါလည်း နိုင်ငံရေးဘဲ တနည်းအားဖြင့်နဲ့ ပြောလို့ ရှိလို့ရှိရင် ဒီတိုင်းသူ တိုင်းပြည်သားတွေရဲ့ သီလကို မြှင့်တင်ပေးတဲ့ မြင့်အောင်လို့ လုပ်ပေးတာဟာ ဒါဟာ အကောင်းဆုံးနိုင်ငံရေးဘဲ အရေးအကြီးဆုံး နိုင်ငံရေးဘဲ။

ကိုယ်ဟာ နိုင်ငံသူ နိုင်ငံသား တဦး လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္ဒရပ်တွေကို လုပ်ခြင်းအားဖြင့် နိုင်ငံသူ နိုင်ငံသားတဦး ထိန်းသိမ်းသင့်တဲ့ သီလကို ထိန်းသိမ်းခြင်းအားဖြင့် ကျမတို့နိုင်ငံကို အများကြီး တိုးတက်အောင် လုပ်ရမှာပါ အဲ့ဒါကြောင့်မို့လို့ ကိုယ့်ကိုကိုယ် လျော့မတွက်ပါနဲ့ ငါကအလကားဘဲ ငါတယောက်ထဲ ဘာလုပ်နိုင်မှာလဲဆိုတဲ့ အဲ့လိုစိတ်ထား ဘယ်တော့မှ မရှိပါနဲ့ တယောက်ဆိုတာ တယောက်ရဲ့ အင်အားရှိတယ်။ ကိုယ့်ကိုကိုယ် အထင်လည်းမသေးပါနဲ့ ကိုယ့်ကိုကိုယ်လည်း သိပ်ပြီး အထင်ကြီးနေရင်လည်း မကောင်းဘူး ချင့်ချင့်ချိန်ချိန်နဲ့ပေါ့နော် ကိုယ်လုပ်သင့်လုပ်ထိုက်တာကို ဆုံးဖြတ်တတ်အောင် အဲ့ဒါအတွက် ဗဟုသုတလည်း လိုတယ် ဒါကြောင့်မို့လို့ စာဖတ်ဝိုင်းတွေကို အားပေးပါလို့ ကျမ ပြောတာပေါ့ ကျမတို့ အခု ပြည်သူနဲ့ လာတွေ့တဲ့အခါကျရင် ပြောချင်တာတွေက အများကြီး အဲ့လိုပြောတော့ ကျမဘာသွားသတိရလဲဆိုတော့ ဖေဖေ ပေးခဲ့တဲ့ နောက်မိန့်ခွန်းကို သွားသတိရတယ်။ ပြောချင်တာတွေက အများကြီး အချိန်ကမရှိဘူး ပြောချင်တာက ဘာလဲဆိုတော့ ကျမတို့နိုင်ငံ တိုးတက်အောင် ဘာတွေလုပ်ကြမလဲ ဘာတွေလုပ်သင့်လဲ ဘာတွေ လုပ်သင့်တယ်လို့ ထင်ကြသလဲ ကျမက အဲ့လို ဒီလို မိန့်ခွန်းပြောတာထက် ဆွေးနွေးတာကို ပိုပြီးတော့ သဘောကျတယ် ဒါပေမဲ့ လက်တွေ့မကျဘူး ကျမတို့ ဒီအချိန်မှာ ဆွေးနွေးပွဲကြီးလုပ်လိုက်မယ်ဆိုရင် တပတ်လောက်ဘဲ ရမယ် အားလုံးကလည်း ပြောချင်ကြမှာကိုး အဲ့လောက်ကလည်း အချိန်က မရှိတဲ့ အခါကျတော့ ကျမတို့ကတော့ ကျမတို့အနေနဲ့ ဘာကိုတော့ ကြိုးစားပြီးလုပ်နေပါတယ် ဘာတွေ ဖြစ်ချင်ပါတယ် ဆိုတာ တင်ပြတယ်။ ဘာတွေရှိလဲဆိုတာ ကျမတို့က လူတွေဆီက အသံကိုဘဲ ဖိတ်ခေါ်ရမှာဘဲ အချိန်မရွေး ဒီစာကြည့်တိုက်ကိုဘဲဖြစ်ဖြစ် ကျမတို့ရဲ့ ရုံးကိုဘဲဖြစ်ဖြစ် စာရေးပြီး ပြောလို့ရတယ် အချင်းချင်း ပြောလို့ရတယ် ပြောရင်းဆိုရင်း ဆွေးနွေးရင်းနဲ့ အသံတွေက ထွက်လာမယ်။ ပြည်သူ့အသံဆိုတာ ထွက်ရမယ် ပြည်သူ့အသံကိုဆိုတာက နိုင်ငံတကာအတွက် အင်မတန်မှ အရေးကြီးပါတယ်။

ကမ္ဘာမှာ ဘာဖြစ်သင့်တယ်ဆိုတာ အားလုံးက ကြည့်ပြီးတော့ တကယ်ကို နိုင်ငံပေါ်မှာ စေတနာတွေရှိတဲ့ လူတွေက ၀ိုင်းဝန်းပြီးတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာဖြစ်တယ် ဒါကြောင့်မို့လို့ ကိုယ့်အသံရဲ့ တန်ဖိုးကို လျော့ပြီးတော့ မတွက်ပါနဲ့ အသံဆိုတာ မဟုတ်တာကို ပြောဖို့မဟုတ်ဘူးနော် အသံရဲ့ တန်ဖိုးကို လျော့ပြီးတော့ မတွက်ပါနဲ့ဆိုပြီး မဟုတ်တာတွေ အော်ခိုင်းနေတာ မဟုတ်ပါဘူး မှန်မှန်ကန်ကန် ပြောဖို့ တကယ် ဆန္ဒကို ကိုယ်စားပေးမယ့် အသံတွေ ထွက်လာဖို့ တကယ့်ကို ကိုယ့်စိတ်ထဲမှာ ရှိတာကို အများပြည်သူအတွက် အကြီးဆုံးဘဲဆိုတော့ အလုပ်နဲ့ ပြပါလို့ ပြောပါတယ် ဒါဟာလည်း တခြားနေရာတွေလိုဘဲ ကြားခဲ့ပါတယ် ကျမတို့ နိုင်ငံမှာ ဆိုလို့ရှိရင် ကျမတို့ ပြည်သူတွေအတွက် လုံလောက်တဲ့ အဆင့်အရရော အရေအတွက် အရရော လုံလောက်တဲ့ အလုပ်အခွင့်အရေးတွေ လိုတယ်ဆိုတာ သဘောပေါက်ပါတယ်။

ဒီလိုဘဲ စင်မြင့်ပေါ်ထွက်တက်ပြီးတော့ အလုပ်လိုလူတွေ လုံလောက်အောင် လုပ်ပေးပါမယ်လို့ ပြေတာဟာ ဒါဟာ အပြောဘဲရှိပါတယ် ကျမတို့တော့ အဲ့လို မပြောချင်ပါဘူး ကျမတို့ ကြိုးစားပါ့မယ် ကျမစပြီး နိုင်ငံရေးကို ၀င်လာကတည်းက ကျမကြိုးစားပါ့မယ်လို့ ပြောခဲ့ပါတယ် အခုလည်း ဒီအတိုင်းဘဲ တတ်နိုင်သမျှ ကြိုးစားပါ့မယ်လို့ ကျမပြောပြပါ့မယ်။ ကျမတို့ ပြည်သူတွေကို မေတ္တာရပ်ခံချင်တာကတော့ ခေါင်းအေးအေးနဲ့ စဉ်းစားကြပါ။ ခေါင်းအေးအေးနဲ့ စဉ်းစားပြီးတော့ ဒီအခြေအနေဟာ ဘာဖြစ်လို့ ဖြစ်ပေါ်လာတာလဲ ဒီဟာကို အကောင်းဆုံးဖြစ်အောင် တို့တွေ ဘယ်လို လုပ်ကြမလဲဆိုတာကို ခေါင်းအေးအေးနဲ့ သုံးသပ်ရမယ် နောက်ပြီးတော့ ညီညီညွှတ်ညွတ်နဲ့ ဆက်ပြီးတော့ လုပ်ကိုင်ရမယ် ညီညွှတ်မှုဆိုတာ အင်အားဘဲ ညီညွှတ်မှုဆိုတာ ဘယ်နေရာမှာမဆို လိုအပ်တယ် ကျမတို့နိုင်ငံမှာ အထူးလိုအပ်တယ်။

နွေးနွေးထွေးထွေး ချစ်ချစ်ခင်ခင်နဲ့ ဒီလို နာမည်ပေးခဲ့တာဘဲ ကျမ ဂုဏ်ယူပါတယ် ဟိုးကချင်ပြည်နယ်က လာပြီး ဒီပဲခူးမြို့ကို ရောက်ကတည်းက ဒါလည်း ကျမတို့က ပြည်ထောင်စုကြီးတစ်ခုဘဲဆိုတာ ဖောပြနေတယ် တိုင်းရင်းသားမျိုးစုံနဲ့ ဖွဲ့ထားတဲ့ ပြည်ထောင်စုကြီးတစ်ခု ဖြစ်တယ် အဲ့ဒါကို ကျမတို့ မေ့လို့ မဖြစ်ဘူး ဒါကြောင့်မို့လို့ ညီညွှတ်ရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။ ပဲခူးတိုင်းမှာ ရှိတဲ့ လူအများစုကတော့ ဗမာတွေပေါ့ ဒီတစ်နိုင်ငံလုံးမှာ လူအများစုက ဗမာတွေပါ လူများစုမို့လို့ ပိုပြီးတော့ ညီညွှတ်ရေးအတွက် ကြိုးစားရမယ် လူအများစုဟာ အရေအတွက်အရ အားကြီးပြီးသား အားကြီးတဲ့သူများဆိုတာဟာ ပိုပြီးတော့ သဘောထားကြီးရမယ် ပိုပြီးတော့ ညှင်သာရမယ် ပိုပြီးတော့ မေတ္တာ စေတနာ မွေးရမယ်။

ကျမတို့ကနေပြီးတော့ နိမ့်ကျတဲ့သူကို တွဲခေါ်ရမယ် အနိုင်မကျင့်ရဘူး ကိုယ်နဲ့တန်းတူဖြစ်အောင် တက်နိုင်သမျှ လုပ်ပေးရမယ် တိုင်းပြည်တပြည်ရဲ့ ဂုဏ်သိက္ခာဟာ အချမ်းသာဆုံးလူတွေ အခွင့်အရေးအရှိဆုံးလူတွေရဲ့ အဆင့်ကို ကြည့်ပြီးတော့ ဆုံးဖြတ်ရမှာ မဟုတ်ပါဘူး ကျမတို့ တိုင်းပြည်တပြည်မှာ အခွင့်အရေး အနည်းဆုံးလူတွေ အဆင်းရဲဆုံး လူတွေရဲ့ အဆင့်ဟာ ဘယ်လောက် ရှိလဲဆိုတာကြည့်ပြီးတော့မှ တိုင်းပြည်တပြည်ရဲ့ သိက္ခာကို ဆုံးဖြတ်လို့ရမှာပါ။

လူတွေတောင်မှ လူလိုသူလို လုံလုံခြုံခြုံနဲ့ နေရပြီဆိုရင် ဒီဟာက ဂုဏ်သိက္ခာနဲ့ ပြည်စုံတဲ့ နိုင်ငံလို့ ဒီလို သတ်မှတ်ရမှာ အဲ့တော့ အဲ့ဒီလို အခြေအနေရောက်ဖို့အတွက် ကျမတို့ အားလုံးကြိုးစားရမယ် တယောက်ချင်း တယောက်ချင်းကလည်း ကြိုးစားရမယ် အစအားဖြင့် ကိုယ့်ရဲ့အရည်အချင်းကို တိုးမြှင့်ဖို့ ကြိုးစားရမယ် ကိုယ်ကနေ ပြီးတော့ စဉ်းစဉ်းစားစားနဲ့ ဒီနိုင်ငံရဲ့ အခြေအနေကို ဆင်ခြင်နိုင်တဲ့ လူတယောက်ဖြစ်လာနိုင်ခဲ့မယ်ဆိုရင် ဒီနိုင်ငံရဲ့ အကျိုးကို ထမ်းဆောင်တာနဲ့ အတူတူပါဘဲ။ ကိုယ့်ကိုကိုယ် အထင်မသေးပါနဲ့ ကိုယ့်မှာလည်း အရည်အချင်းတွေ ရှိတယ် ယုံကြည်ကြပါ ဒီအရည်အချင်းတွေ ပိုပြီးတော့ ဖွံ့ဖြိုးအောင် တိုးတက်အောင် လုပ်မယ်ဆိုတာကိုလည်း ယုံကြည်ကြပါ အဲ့ဒီလို ကျမတို့ ယုံယုံကြည်ကြည်နဲ့ ကြိုးစားပြီးတော့ အားလုံးလက်တွဲပြီးတော့ လုပ်သွားမယ်ဆိုရင် ကျမတို့ နိုင်ငံမှာ ဒေသမှာတင်မကဘူး ဒီ တစ်ကမ္ဘာလုံးမှာတောင်မှ အများအလယ်မှာ တင့်တင့်တယ်တယ်နဲ့ ဂုဏ်ရှိရှိနဲ့ နေလာနိုင်မယ့် နိုင်ငံဖြစ်လာမယ်လို့ ကျမ တကယ့်ကို ယုံကြည်ပါတယ်`

အတွေ့အကြုံနည်းသေးလို့ကိုး

ကော်မရှင်အမျိုးပေါင်းများစွာရှိပါတယ်။
ဒီအထဲမှာ ရွေးကောက်ပွဲကော်မရှင်ကတော့ ကျန်တာတွေနဲ့ မတူ တမူ ထူးခြားပါတယ်။ သူဆောင်ရွက်ရမဲ့လုပ်ငန်းအတွက်
သူ့မှာက ဥပဒေပြုနိုင်ခွင့်ရှိပါတယ်။ ကော်မရှင်ဥက္ကဌကအစ အဖွဲ့ဝင်များအလယ် ဝန်ထမ်းများအဆုံး
သမာသမတ်ကျရပါတယ်။ ဘက်မ လိုက်ရပါ။ မှန်ကန်တဲ့သစ္စာတရား လက်ကိုင်ထားရပါတယ်။ ဖြောင့်မတ်တဲ့
သမာဓိဂုဏ်ရှိရပါတယ်။ တရားမျှတမှု ရှိရပါတယ်။ အကျင့်သိက္ခာပြည့်ပြည့်ဝဝနဲ့ တာဝန်ကျေကျေထမ်းဆောင်ရမှာပါ။
ဥပဒေ ရေးရာနဲ့ဆက်နွယ်နေတာကြောင့် ‘ဥပဒေအထက်မှာ
မည်သူမျှ မရှိစေရ’ ထုံးကို ကျင့်သုံးရမှာ ဖြစ်ပါ တယ်။ ဒါတွေကတော့ အပြည်ပြည်ဆိုင်ရာစံနှုန်းများလို့
သတ်မှတ်နိုင်ပါတယ်။

နေပြည်တော်မှာကျင်းပခဲ့တဲ့
လွှတ်တော်အစည်းအဝေးမှာ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ်
၂၀၁၁ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကအတည်ပြုလိုက် ပါတယ်။ ဦးတင်အေးဟာ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်အဖြစ်ကနေ
၂၀၁၁ ဖေဖော်ဝါရီ ၁၇ ရက် နေ့က ရုတ်တရက်နုတ်ထွက်သွားပြီး၊ နောက်ရက်မှာ သမ္မတဦးသိန်းစိန်ကအဆိုတင်ခဲ့ကာ လွှတ်တော် က သဘောတူခဲ့လို့
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဖြစ်လာတာပါ။

နအဖစစ်အစိုးရလက်ထက် စစ်တပ်ရန်ပုံငွေအတွက်ရှာရတဲ့
ဦးပိုင်ကုမ္ပဏီအကြီးအကဲအပြင် အရေးပါ တဲ့ရာထူးများယူခဲ့သူ ဒုဗိုလ်ချုပ်ကြီးဟောင်းတင်အေးဟာ
အဆင့်မြင့် ကြံ့ခိုင်ဖွံဖြိုးရေးပါတီဝင် ဖြစ်ပါ တယ်။

နေပြည်တော်မှာ ၂၀၁၁ ခု ဇူလိုင် ၂၇ ရက် ဗုဒ္ဓဟူး နေ့က ၃၆ ပါတီခေါင်းဆောင်များကို
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ အဲဒီနေ့ ဆွေးနွေးပွဲကို ၂၀၁၀ ရွေးကောက်ပွဲဝင် ၃၇ ပါတီထဲက ၃၆ ပါတီက ခေါင်းဆောင်ကိုယ်စားလှယ်တွေ
တက်ရောက်ခဲ့ပါတယ်။

ကော်မရှင်ဥက္ကဌက သူ့ရဲ့ကိုယ်ရေးရာဇဝင်အကျဉ်းကို ပြောကြားခဲ့ပါတယ်။ တဆက်ထဲဘဲ တပ်မ တော်အပေါ် သွေးခွဲခြင်း၊ ဖြိုဖျက်ခြင်းများ မပြုလုပ်မိစေရန်လိုတယ်လို့လဲ
ဦးတင်အေးက ပြောဆိုခဲ့ ပါတယ်။ ၁၉၉၀ ခုနှစ်က အဲန်အယ်လ်ဒီ အနိုင်ရခဲ့ကြောင်းလဲ သူက ဝန်ခံ
ပြောသွားခဲ့ပါတယ်။ အဲဒိ အချိန်တုန်းက အဲန်အယ်လ်ဒီက တပ်မတော်အကြီးအကဲတွေကို စစ်ခုံရုံးတွေ
ဘာတွေ တင်မယ်ဆိုလို့ အာဏာမလွှဲခဲ့တာလို့ဆိုပါတယ်။

အမှန်တကယ်က စစ်တပ်ကပဲအနိုင်ရမယ်လို့ ကျိန်းသေတွက်ထားခဲ့ကြတာပါ။
မဆလ ပါတီ တဖြစ်လဲ တစည ပါတီ သေချာပေါက် နိုင်ကိုနိုင်မှာလို့ တကယ်ယုံကြည်စိတ်ချခဲ့တာပါ။
ဒါကြောင့် ၁၉၉၀ ပါတီစုံ ရွေးကောက်ပွဲကို ရဲရဲကြီး လုပ်ပေးခဲ့ကြတာပါ။ ၁၉၇၄ ခုနှစ်ကစတင်အုပ်ချုပ်ခဲ့တဲ့
မဆလ ပါတီရဲ့ ၁၄ နှစ်ကျော်အင်အားကို အယုံကြီးခဲ့တာပါ။ အရပ်သားတွေရဲ့ တနှစ်ကျော်ကျော်အင်အားကို
အထင်သေး လျှော့တွက်ခဲ့ကြတာပါ။ ပြည်သူတွေနဲ့ ယူနီဖောင်းဝတ်တို့ရဲ့ အာဏာရှင်စံနစ်ကို
ရွံရှာမုန်းတီး ခါးသီး စက်ဆုပ်တဲ့ စိတ်ဓါတ်ကို အထင်သေးမျက်ကွယ်ပြုခဲ့ကြတာပါ။ ရွေးကောက်ပွဲရလဒ်ထွက်လာတော့မှ
မျက်ဖြူဆိုက် အကျပ်ရိုက်ခဲ့ကြတာပါ။ အဲဒီတော့မှ ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံစွက်ကာ အာဏာ
သိမ်းဘို့ အကွက်ချခဲ့ကြတာပါ။ ဒီဖြစ်ရပ်မှန်တွေအတွက် သမိုင်းသက်သေတွေရှိလျက်ပါ။

လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် မြန်မာအစိုးရကို ဒဏ်ခတ်တဲ့ စီးပွားရေးပိတ်ဆို့မှုများ
ရုပ်သိမ်းရေး မှာ နိုင်ငံရေးပါတီများ ပါဝင်လုပ်ဆောင်ကြဘို့ အဲဒီတွေ့ဆုံပွဲမှာ ဥက္ကဋ္ဌ
ဦးတင်အေးက တိုက်တွန်းလိုက် ပါတယ်။ စီးပွားရေးပိတ်ဆို့မှုဟာ အစိုးရနဲ့နီးစပ်သူ စီးပွားလုပ်ငန်းရှင်များထံ
မထိခိုက်ကြောင်းနဲ့ ပြည် သူလူထုများကို ထိခိုက်တာမို့ ယင်းပိတ်ဆို့မှု ရုပ်သိမ်းရေး
နိုင်ငံရေးပါတီများမှ ကူညီဆောင်ရွက်သွား ဘို့ လိုတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ပါတီတွေက ကြံ့ဖွံ့ပါတီရဲ့ ရွေးကောက်ပွဲ မဲ မသမာမှုတွေနဲ့ပတ်သက်လို့ တင်ပြကြပါတယ်။
အဲဒီတော့ ကော်မရှင်ဥက္ကဋ္ဌသစ်၊ ဒုဗိုလ်ချုပ်ကြီးဟောင်း ကြံ့ဖွံ့ပါတီခေါင်းဆောင်ဟောင်း
ဦးတင်အေးက ရွေး ကောက်ပွဲအတွင်း မဲ မသမာမှုတွေ၊ ကြိုတင်မဲနဲ့ပတ်သက်တဲ့ အငြင်းပွားစရာတွေ
ပေါ်ပေါက်လာ တာဟာ ရွေးကောက်ပွဲ အတွေ့အကြုံ နည်းပါးလို့ပါဆိုပြီး
ဆင်ခြေပေးလိုက်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကို အကဲခတ်အဖွဲ့ စေလွှတ်မယ်လို့ နိုင်ငံတကာက ကမ်းလှမ်းတုန်းကတော့ မြန်မာစစ်ဗိုလ်ချုပ်တွေက
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအတွေ့အကြုံ အလုံအလောက်ရှိတဲ့အတွက်
အကဲခတ်တွေ မလိုဘူးလို့ ပြောခဲ့ဘူးပါတယ်။
ဒါကြောင့် ကော်မရှင်ဥက္ကဌရဲ့ အခုပြောဆိုချက်ဟာ
ဆင်သေကို ဆိတ်သားရေနဲ့ဖုံးလိုက်တဲ့ ဘက်လိုက်တဲ့ စကားပါ။

တိုင်းရင်းသားလက်နက်ကိုင်များ ငြိမ်းချမ်းရေးဆွေးနွေုးပြုလုပ်ရန်ပြောကြားဘို့
အဆိုတင်တာကိုတော့

ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ကော်မရှင်မှ လုပ်ပိုင်ခွင့်မရှိကြောင်းနဲ့
လာမဲ့ပြည်ထောင်စုလွတ်တော် ကိုတင်ပြဘို့အကြံပြုခဲ့ပါတယ်။ သူတို့ဘက်လှည့်လာမဲ့မြားဦးတော့
ရှောင်တတ်သားပါကလား။ တိုင်း ရင်းသားတွေကို စစ်ဘေးစစ်ဒဏ်က အကာအကွယ်ပေးဘို့ကိုတော့ လုပ်ပိုင်ခွင့်မရှိဘူးတဲ့။
ဒါကျတော့ အတွေ့အကြုံက ရင့်ကျက်နေလို့ပေါ့။ သူတို့ရဲ့စီမံကိန်းပျက်မှာကို ရှောင်ရှားဘို့ပေါ့။
အရင်က ဘယ်အဆင့်နဲ့ ဘာကြီးဖြစ်ခဲ့ဖြစ်ခဲ့
ယခုအခါမှာ ရာထူးနဲ့လိုက်ဘက်ညီအောင် တာဝန်ထမ်း ဆောင်ရမှာပဲဖြစ်ပါတယ်။ ဦးတင်အေးဟာ စစ်ကောင်စီရဲ့အဆင့်မြင့်
ဒုဗိုလ်ချုပ်ကြီး၊ ကြံ့ဖွံ့ဗဟိုကော် မီတီဝင် မဟုတ်တော့ပဲ ရွေးကောက်ပွဲကော်မရှင်ရဲ့ဥက္ကဌဖြစ်နေပါပြီ။
ရွေးကောက်ပွဲနဲ့စပ်ဆိုင်သမျှ လုပ်ငန်းဆောင်တာများကို ပီပီပြင်ပြင် ကျေပွန်စွာထမ်းရွက်ရတော့မှာသာဖြစ်ပါတယ်။
တရားမျှတ ဘက်မလိုက်တဲ့ ဂုဏ်သိက္ခာကိုထိန်းသိမ်းရမှာဖြစ်ပါတယ်။ နိုင်ငံအုပ်ချုပ်ရေးပိုင်းကို
ဝင်ရောက် စွက်ဖက်ပြောနေရမှာ မဟုတ်ပါ။ ပြောဆိုပိုင်ခွင့်အာဏာလဲ မရှိတော့ပါ။ အာဏာပိုင်တွေလို
ညွှန်ကြား ပြောဆိုနေရမဲ့အခါလဲ မဟုတ်တော့ပေ။ ဘူးလုံးနားမထွေးနဲ့ ရူးချင်ယောင်ဆောင်လို့
မဖြစ်တော့ပါ။ ရောထွေးယှက်တင် ထင်တိုင်းပြောဘို့မလိုတော့ပါ။ လက်ရှိရာထူးနဲ့အညီ ကျင့်ကြံ
ထမ်းဆောင်ရတော့ မှာသာဖြစ်ပါတယ်။

အခုလို မိမိကိုယ်မိမိ အုပ်ချုပ်ရေးအာဏာပိုင်တဦးလို
လက်ရှိတာဝန်ပိုင်းနဲ့ လုံးဝမဆိုင်တဲ့ ‘တပ်မတော်

ကို သွေးမခွဲဘို့၊ မဖြိုခွဲဘို့၊ အဲန်အယ်လ်ဒီကို
အာဏာလွှဲမပေးခဲ့တာတို့၊ ဆန်ရှင်ကိုဆန့်ကျင်ဘို့’ တွေကို

ဦးတင်အေးက သတိပေးပြောကြားသွားခဲ့တာကတော့
သူ့ခမျာ ကော်မရှင်ဥက္ကဌသက်တမ်း လပိုင်း ပဲရှိသေးပြီး လုပ်သက်ကနုသမို့ အတွေ့အကြုံကနည်းသေးလို့ကိုး

မောင်မောင်လှကြိုင်

၂၀၁၁ ဇူလိုင် ၂၉

 

 

ဟုတ်ပါ့မလား မောင်ကာဠုရယ်

မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရသစ်ရဲ့ အလုပ်သမားဝန်ကြီး ဌာန ဦးအောင်ကြည်တို့
၂၀၁၁ ဇူလိုင် ၂၅ ရက် တနင်္လာနေ့ နေ့လည်က ရန်ကုန် စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာမှာ မိနစ်
၇၀ ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒီလိုတွေ့ဘို့ ၂၀၁၁ ဇူလိုင် ၂၄ ရက်
တနင်္ဂနွေနေ့ကမှ အကြောင်းကြားဘိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။

“ထိုသို့ ဆွေးနွေးရာတွင်
တရားဥပဒေ စိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေးကိစ္စနှင့် အများ ပြည်သူ
အကျိုးဖြစ်ထွန်းစေမည့် ကိစ္စတို့လည်း အပါအ၀င်ဖြစ်ပါသည်။ သင့်လျော်သောရက်တွင် ထပ်မံတွေ့ဆုံ
ဆွေးနွေးရန်ကိုလည်း သဘောတူကြပါသည်။”လို့ တွေ့ဆုံပြောဆိုပြီးနောက် ဦး အောင်ကြည်က အသင့်ပြင်လာတဲ့ ကြေညာချက်ကိုဘတ်ကြားပြခဲ့ပါတယ်။
ဦးအောင်ကြည်ရဲ့အမူ အရာ လှုပ်ရှားမှုတွေဟာ အသက်ဝင်မှုမရှိသလို တက်ကြွမှုလဲ မရှိလှပါ။
မဖြစ်မနေ တာဝန်ထမ်း ဆောင်ပေးနေရတဲ့အသွင် ပေါ်လွင်လှပါတယ်။ “ပျားရည်ဖုံးမျက်နှာ”မှာ“သကာရည်” အတတ်နိုင်ဆုံး
လောင်းထားလျက်ပါ။ တွေ့ဆုံပြောဆိုတာကို ‘အပြ’သဘော show jobs အနေနဲ့ မလွှဲသာ
မရှောင် သာ လုပ်ဆောင်ပြခဲ့တာပါ။ စိတ်ရင်း စေတနာကောင်းနဲ့တော့ ဟုတ်ဟန်မတူပါ။

အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ကို စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် ယင်းတို့အကြား
ဆက်သွယ်ရေးအတွက် ဆက်ဆံရေးဝန်ကြီးအဖြစ် ၂၀၀ရ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့က ခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။
၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၉ ရက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ကုလသမဂ္ဂ အထွေ ထွေအတွင်းရေးမှူးချုပ်ရဲ့
အထူးကိုယ်စားလှယ် မစ္စတာအီဗရာဟင် ဂမ်ဘာရီ၏ အကြံပြုချက်အရ နောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်
လုပ်ငန်းများဆက်သွယ်လုပ်ဆောင်ရန် ယင်းဆက်ဆံရေးဝန်ကြီးကို ခန့်အပ်ခြင်းဖြစ်တယ်လို့ စစ်အစိုးရကဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ဟာ ၂၀၀၇ အောက်တိုဘာ ၂၅ ရက်နေ့က စတင်
တွေ့ဆုံ ခဲ့ပြီး တွေ့ဆုံမှု ၉ ကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။ တွေ့ဆုံခဲ့တဲ့အချိန်တွေကတော့

၁။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်၊

၂။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်၊

၃။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်၊

၎။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်၊

၅။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်၊

၆။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃ ရက်၊

၇။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၇ ရက်၊

၈။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်၊

၉။ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၅ ရက်။ တို့ဖြစ်ကြပါတယ်။

ဒါပေမဲ့ သိသာ
ထင်ရှားတဲ့ရလဒ် တခုမှ ထွက်ပေါ်လာတာမျိုး မရှိတဲ့အတွက် ပြည်တွင်း ပြည်ပ ဝေဖန်မှုတွေရှိခဲ့ပါတယ်။
ဒီ ၉ ကြိမ်တွေ့ဆုံမှုတွေအပေါ် ဒေါ်စုက အားရကျေနပ်မှုမရှိခဲ့လို့ စိတ်ပျက် မိရကြောင်း
ပြောကြားခဲ့ပါတယ်။ မျက်နှာသွင်ပြင်မှာလဲ ခံပြင်းမှုတွေပေါ်လွင်ခဲ့တာတွေ့ရပါတယ်။

“လက်ရှိ မြန်မာအစိုးရ အနေနဲ့ အရပ်သားအစိုးရ အစစ်အမှန်
ဖြစ်အောင် လုပ်မှာလား၊ ဒါမှမဟုတ် ဒီမိုကရေစီ အရေခြုံ စစ်အစိုးရ ဆိုတဲ့ လမ်းဟောင်းအတိုင်း
လိုက်မှာလား ဆိုတာ ပြတ်ပြတ်သားသား ရွေးချယ်ဆုံးဖြတ်ဖို့အတွက် လမ်းဆုံလမ်းခွကို ရောက်ရှိနေပါပြီ”လို့
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဒီကနေ့ ၂၀၁၁ ဇူလိုင် ၂၂ ပြောလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ
ဘာလီကျွန်း မှာပြုလုပ်တဲ့ အာစီယံဒေသဆိုင်ရာ လုံခြုံရေးအစည်းအဝေးမှာ သူက အခုလို ပြောလိုက်တာပါ။
အရပ်သားအစိုးရ လမ်းကြောင်းကို တကယ် ပြောင်းလဲချင်တယ်ဆိုရင်တော့  နိုင်ငံရေးအကျဉ်းသား တွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးပြီး
သက်ဆိုင်ရာ နိုင်ငံရေးအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ရမှာဖြစ်တယ်လို့လည်း အမေရိကန်
နိုင်ငံခြားရေးဝန်ကြီးက ပြတ်ပြတ်သားသား ပြောပါတယ်။

ဒါ့ပြင် မြန်မာအာဏာပိုင်တွေအနေနဲ့ ကုလသမဂ္ဂ နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ သဘောတူညီချက်တွေကို
လေးစားလိုက်နာဖို့ လိုကြောင်းလည်း မစ္စက်ကလင်တန်ကပြောပါတယ်။

ဟီလာရီ ကလင်တန်က တရုတ်ပြည်ရောက်၊ ၂ နိုင်ငံအရေးကြီးကိစ္စများပြောမယ်၊
မြန်မာ့အရေးလဲ ပြောမယ်၊ တိုက်တွန်းမယ်၊ တရုတ်ကလဲ မြန်မာ့အစိုးရကိုပြောမယ်။ အမေရိကန်ရဲ့စကားကြောင့် ရုတ်ချည်း
ကောက်လုပ်ပြတာလား၊ တရုတ်ရဲ့ဖိအားကြောင့် ကမန်းက တန်းထလုပ်တာလား၊ အာဆီ ယံဥက္ကဌ ဖြစ်လိုစိတ်အားကြီးလို့
အချိန်မှီ ထလုပ်ပြတာလား၊ တဘက်သတ်ဖန်တီးနေတဲ့ ပြည်တွင်းစစ် ကိုဖုံးကွယ်လိုလို့လား၊ ဒီမိုကရေစီအစိုးရဖြစ်
show jobs တွေလုပ်ဘို့ ဖန်တီးလိုလို့လား ဆိုတဲ့ သံသယ အတွေးတွေနဲ့ စောင့်ကြည့်ကြရဦးမှာပါ။

ဒီမိုကရေစီအတုအယောင်အစိုးရရဲ့
ရောင်းစားမဲ့ “အချိန်” တွေကို အလကားပဲတင်းနဲ့ ဝယ်ကြရဦးမှာပါ။

အခုတကြိမ်တွေ့ဆုံစကားပြောဘို့လဲ ဗြုန်းစားကြီးစီစဉ်တာပါ။
နောင်ဆက်လုပ်မဲ့အစီအစဉ် အတိအ ကျ မရှိလှပါ။ မရေရာ မသေချာတဲ့ ယေဘူယျဆန်တဲ့ အပြောတွေနဲ့ပဲ
တခန်းရပ်လိုက်ပြန်ပါပြီ။ မဖြစ်မ နေ အခြေအနေကြောင့် ထလုပ်ပြရနေသလိုပဲ။ ယခင် ၉ ကြိမ်က
လုပ်နည်းလုပ်ပုံအတိုင်း မသပ်မရပ် ထလုပ်ပုံပေါ်နေလျက်ပါ။ မနက်ဖန်တွေ့ဘို့ ဒီနေ့အကြောင်းကြား၊
ချိန်းထားချိန်ရောက်တော့ လာခေါ်၊ ခဏတဖြုတ်ပြောနဲ့။ ဒေါ်စုကိုများ ဂျပန်ပြည်က “ရိုဘော့”အရုပ်ကလေးလိုပဲ။
လိုရင် ယူဆော့လိုက်၊ မလိုရင် ချောင်ထိုးထားလိုက်နဲ့။

ဒေါ်အောင်ဆန်းစုကြည်
နယ်စည်းရုံးရေးခရီးစဉ်အတွက်လုံခြုံရေးကို
အစိုးရမှာတာဝန်ရှိတယ်လို့ ဇွန် လထဲမှာ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း
(John McCain)က မြန်မာနိုင်ငံကို လာရောက်ရင်း ပြောဆိုခဲ့တဲ့နောက်ပိုင်း ဒေါ်စုကို သာမန်ပြည်သူတယောက်လိုသာ
သဘောထား ကြောင်း လက်ရှိ နိုင်ငံ့အကြီးအကဲတဦးက အတိအလင်းပြောခဲ့ပါတယ်။ အစိုးရသစ်အဖွဲ့ရဲ့ ပြည်ထဲ ရေးဝန်ကြီးက ဦးအောင်ရွှေ၊
ဒေါ်စုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကို နိုင်ငံရေးလှုပ်ရှားမှုများ မလုပ်ကြဘို့
ရပ်တန်းက ရပ်ဘို့ (၂၀၁၁ ဇွန် ၂၈)နေ့က အကြောင်းကြား သတိပေးခဲ့တာပါ။

ခုတော့လဲ သူတို့ မဟုတ်သလိုပါပဲ။ တလေးတစားအရေးတယူနဲ့ ပျူငှာရင်းနှီးပြနေလိုက်ကြတာ။

ဖြတ်ကနဲပေါ်- ဖြုတ်ကနဲထ- ဖြစ်ကတတ်ဆန်း လုပ်လေ့ရှိတဲ့ အာဏာရှင်တွေရဲ့ဉာဉ်အတိုင်း “ဖ ဦးထုပ်
၃ လုံး လမ်းစဉ်” ပါပဲ။ ယခင်က လုပ်ကိုင်ပြောဆိုသလိုပဲ အပြောင်းအလဲမရှိသေးပါ။ မိမိ တို့အကျိုးစီးပွါးကို
ထိခိုက်လာတော့မှ အိနြေ္ဒမဲ့စွာ ကောက်ကာ ငင်ကာ ထလုပ်တတ်ကြတာပါ။

မလိုအပ်တဲ့အချိန်ကျရင်
ဒေါ်စုကို တရားခံရှာလိုတာ မဟုတ်ဘူးလို့ ဘယ်သူကအာမခံမှာလဲ။

ဗက ဘိုးဘိုးကြီးလို “ဟုတ်ပါ့မလား မောင်ကာဠု ရာ”လို့သာ
ဦးးအောင်ကြည်ကို မေးရတော့မှာပေါ့။

မောင်မောင်လှကြိုင်

၂၀၁၁
ဇူလိုင် ၂၆

သူသေကိုယ်ရှင် သံချပ်-၂၀၁၀

အဖွင့်စကားပြောနဲ့ ဒိုးပတ်သံ

အဖွင့်နိဒါန်း

လူထုအခြေအနေ

သံဃာတော်များ

အပစ်ရပ်

ရွေးကောက်ပွဲ

တိုက်ပွဲခေါ်သံ

မေတ္တာပို့နဲ့ ရွှေစင်ပန်းလို မွှေးစေသား

သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ် စာအုပ်

PROTESTS IN IRAN AND BURMA

BURMESE TIMBERS STILL SMUGGLING TO CHINA

INTERNATIONAL CONFERENCE ON SHAN STUDIES

DAW SUU AGAINST UNJUST REGISTRATION LAWS

Welcome to WordPress.com. This is your first post. Edit or delete it and start blogging!